ငါသည်မုချ သေရမည် သစ္စာတရားသာ အားကိုးရာရှိသည်

Sunday, July 11, 2010

ကြာလျှင်မေ့

အိုသူကမွေး အိုသွေးပါလာ၊
အိုမှာမစဲ တို့များခန္ဓာ။
ရှေးသူတွေလဲ အိုသွားလေပါ၊
ငါတို့လဲ မလွဲအိုရမှာ။

နာသူကမွေး နာသွေးပါလာ၊
နာမှာမစဲ တို့များခန္ဓာ။
ရှေးသူတွေလဲ နာသွားလေပါ၊
ငါတို့လဲ မလွဲနာရမှာ။

သေသူကမွေး သေသွေးပါလာ၊
သေမှာမစဲတို့များခန္ဓာ။
ရှေးသူတွေလဲ သေသွားလေပါ၊
ငါတို့လဲ မလွဲသေရမှာ။

ဗြဟ္မဏမင်းသွေး ၊ သူဌေးသူကြွယ် ။
အို နာ သေ ရေးထိုဘေးသုံးသွယ် ။
ဘယ်သူကမှ ရှောင်မရလေတယ် ။
ဇာတိစွဲ မုချကြုံရမယ်......။

ငါသည်မုချသေရမည် ၊ သစ္စာတရားသာအားကိုးရာရှိသည် ။ (အရှင်တေဇိန္ဒာလကာင်္ရ)

No comments: