ငါသည်မုချ သေရမည် သစ္စာတရားသာ အားကိုးရာရှိသည်

Saturday, July 24, 2010

မဟာသတိပဋ္ဌာနသုတ္တံ (၁)

ကျွနုပ်သည် ဤကဲ့သို့ကြားနာခဲ့ဘူးပါ၏ အခါတပါးမြတ်စွာဘုရားသည်ကုရုတိုင်း ၊ ကမ္မာသ ဓမ္မနိဂုံးတွင် ရဟန်းတို့ဟူ၍ခေါ်တော်မူပြီး ၊ ရဟန်းတို့က အရှင်ဘုရားဟူ၍ ပြန်လျှောက်ကြကုန်၏ ၊မြတ်စွာဘုရားက ဤမဟာသတိပဋ္ဌာနသုတ္တံဒေသနာတော်ကို ဟောကြားတော်မူ၏ ။
                                            (ဒီဃနိကာယ် ၊ မဟာသတိပဋ္ဌာနသုတ်)
ရဟန်းတို့ဤခရီးလမ်းသည်၊စိတ်ကိုစင်ကြယ်စေရန်၊ စိုးရိမ်ပူပန်ခြင်း ၊ ငိုကြွေးခြင်းတို့မှလွတ်မြောက် ရန် ၊ကိုယ်ဆင်းရဲစိတ်ဆင်းရဲတို့ချုပ်ငြိမ်းရန် ၊အရိယာမဂ်ကိုရရန် ၊ နိဗ္ဗာန်ကိုမြတ်မြောက်ပြုရန် ၊ တကြောင်းတည်းသောခရီးလမ်းဖြစ်ပေ၏ ၊ ထိုတကြောင်းတည်းသောခရီးလမ်းကား ၊ သတိပဋ္ဌာန် တရားလေးပါးတို့တည်း ။
ထိုလေးပါးတို့မှာ………..

ရုပ်အပေါင်းကိုရှုရသော………………. (ကာယာနုပဿနာသတိပဋ္ဌာန်)
ခံစားမှုအပေါင်းကိုရှုရသော…………….(ဝေဒနာနုပဿနာသတိပဋ္ဌာန်)
စိတ်ကိုရှုရသော………………………….(စိတ္တာနုပဿနာသတိပဋ္ဌာန်)
သဘောတရားကိုရှုရသော…………….(ဓမ္မာနုပဿနာသတိပဋ္ဌာန်) စသောလေးပါးတည်း…..။

ရုပ်အပေါင်းကိုရူမှတ်ရသောကာယာနုပဿနာသတိပဋ္ဌာန်ပိုင်းတွင်…………..
ထွက်သက်ဝင်သက်ကိုဆင်ခြင်ရသောအပိုင်း ………………………..(အာနာပါနပဗ္ဗ)
သွားခြင်းအစရှိသော ဣရိယာပုဒ်ကိုဆင်ခြင်ရာအပိုင်း……………….(ဣရိယာပထပဗ္ဗ)
သတိသမ္မဇဉ်ကိုဆင်ခြင်ရာအပိုင်း…………………….…………………(သမ္ပဇာနပဗ္ဗ)
စက်ဆုပ်ဘွယ်ရာဟုဆင်ခြင်ရာအပိုင်း…………………………………..(ပဋိကူလမနသိကာရပဗ္ဗ)
ခန္ဓာကိုတည်ဆောက်ထားသောဓာတ်လေးပါးကိုဆင်ခြင်ရာအပိုင်း..(ဓာတုမနသိကာရပဗ္ဗ)
လူသေကောင်ကိုးမျိုးကိုဆင်ခြင်ရာအပိုင်း…………………………….…(န၀သိဝထိကပဗ္ဗ)

စသော အပိုင်းအားဖြင့် ၆ ပိုင်း အခြင်းအရာအားဖြင့် ၁၄ ပါးကို ကာယာနုပဿနာသတိဋ္ဌာန်တွင် မြတ်စွာဘုရား အစဦးစွာဟောကြားတော်မူခဲ့ပါ၏….။
ဆက်လက်ဖော်ပြပါမည်…။

No comments: