ငါသည်မုချ သေရမည် သစ္စာတရားသာ အားကိုးရာရှိသည်

Monday, July 26, 2010

မဟာသတိပဋ္ဌာနသုတ္တံ(၂)

ဝေဒနာဟူသည် ၊ ခံစားခြင်းဟူသော အဓိပ္ပါယ်ရှိပါ၏ ၊ သတိပဋ္ဌာန်ဟူသည် ၊ သတိကိုသာအဓိက ထား၍ဆောင်ရွတ်ရသော ၊ အလုပ်ကိုသတိပဋ္ဌာန်ဟုဆိုအပ်ပါ၏ ၊ထို့ကြောင့် ပါဠိစာပေများတွင်၊ သတိယေ၀ ပဋ္ဌာနံ ၊ သတိပဋ္ဌာနံဟူ၍ ဆိုပါ၏ ၊ သတိယေ၀ - သတိကိုသာလျှင် ၊ ပဋ္ဌာနံ-အဓိကတည်း(၀ါ)ပြဋ္ဌာန်းခြင်းတည်း ၊ သတိပဋ္ဌာနံ- သတိကိုသာလျှင်ပြဋ္ဌာန်းခြင်း ၊ ထို့ကြောင့်ခံစား ခြင်းဟုဆိုအပ်သောဝေဒနာကိုသတိဖြင့်ရှုမှတ်နေခြင်းကိုဝေဒနာနုပဿနာသတိပဋ္ဌာန်ဟုဆိုအပ်ပါပေ၏..။ 


မဟာသတိဋ္ဌာနသုတ်၏ ဒုတိယမြောက်သတိပဋ္ဌာန်ဖြစ်သောဝေဒနာနုပဿနာသတိပဋ္ဌာန်ကိုမြတ် စွာဘုရားသည်၊ဤကဲ့သို့ရှုမှတ်ဘွယ်ရာ၉ပါးပြတော်မူပါ၏ ။ 
ချမ်းသာကိုခံစားမှု……………(သုခဝေဒနာ)
ဆင်းရဲကိုခံစားမှု…………..…(ဒုက္ခဝေဒနာ)
ချမ်းသာမဟုတ်ဆင်းရဲမဟုတ်သောခံစားမှု…(အဒုက္ခမသုခဝေဒနာ) 


ကာမဂုဏ်နှင့်စပ်သောချမ်းသာကိုခံစားခြင်း ……………………....(သာမိသ သုခဝေဒနာ)
ကာမဂုဏ်နှင့်စပ်သောဆင်းရဲကိုခံစားခြင်း…………………………..(သာမိသ ဒုက္ခဝေဒနာ)
ကာမဂုဏ်နှင့်စပ်သောချမ်းသာလည်းမဟုတ်၊ဆင်းရဲလဲမဟုတ်သောချမ်းသာကိုခံစားခြင်း………...... (သာမိသ အဒုက္ခမသုခဝေဒနာ) 

ကာမဂုဏ်နှင့်မစပ်သော ချမ်းသာကိုခံစားခြင်း…………………………….(နိရာမိသ သုခဝေဒနာ)
ကာမဂုဏ်နှင့်မစပ်သောဆင်းရဲကိုခံစားခြင်း………………………….……(နိရာမိသ ဒုက္ခဝေဒနာ)
ကာမဂုဏ်နှင့်မစပ်သော၊ချမ်းသာလည်းမဟုတ်ဆင်းရဲလည်းမဟုတ်သောခံစားခြင်း…(နိရာမိသ အဒုက္ခမသုခဝေဒနာ)  


စသောအားဖြင့်ခံစားမှုအပေါင်းကိုရှုရာအပိုင်း ကိုးပိုင်းအား မြတ်ဗုဒ္ဓသည် မဟာသတိပဋ္ဌာနသုတ္တံ ၏ဒုတိယမြောက်ဖြစ်သောဝေဒနာနုပဿနာသတိပဋ္ဌာန်အပိုင်းတွင်း ဟောကြား တော်မူခဲ့ပါ၏  ။ 


ဆက်လက်ဖော်ပြပါမည်………..။

No comments: