ငါသည်မုချ သေရမည် သစ္စာတရားသာ အားကိုးရာရှိသည်

Thursday, July 29, 2010

မဟာသတိပဋ္ဌာနသုတ္တံ (၄)

ဓမ္မဟူသည် ၊ ပါဠိစကားရပ်မှာ အနတ်အဓိပ္ပါယ်လေးဆယ်ကျော်ရှိသောစကားရပ်ဖြစ်သည် ၊ထိုအနက်အဓိပ္ပါယ်မြောက်များစွာအနက်မှ၊ယခုလိုအပ်သောအနတ်အဓိပ္ပါယ်မှာသဘာဝဟူသေအ နတ် ၊ သဘောတရားဟူသောအနတ်တည်း ၊ နုပဿနာဟူသည် အဖန်ဖန်ရှုကြည့်ခြင်းတည်း ၊ ဓမ္မာနုပဿနာဟူသော အနတ်အဓိပ္ပါယ်သည် သဘောတရားကို အဖန်ဖန်ရှုကြည့်ခြင်း သို့မဟုတ် ခန္ဓာသဘာဝအမှန်တရားတို့ကို အဖန်ဖန်ရှုကြည့်ခြင်းကို ဓမ္မာနုပဿနာဟူ၍ ယေဘုယျအားဖြင့် မှတ်သားထားနိုင်ပါ၏ ။ 


ထိုဓမ္မာနုပဿနာကို မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ်စတုတ္ထပိုင်းတွင် 


ခန္ဓာတွင်ရှိသောအမှန်တရားသဘာဝကိုပိတ်ဖုံးတတ်သောသဘောတရားတို့ကိုရှုရာ…နိဝရဏပဗ္ဗ
 
ခန္ဓာ၏ မူရင်းသဘာဝတရားတို့ကိုရူသိရာ……………………ခန္ဓပဗ္ဗ
 
ခန္ဓာဖြစ်ကြောင်းအခြင်းအရာ၁၂ပါးသဘောတရားတို့ကိုရှုရာ…………အာယတနပဗ္ဗ
 
မပြတ်ဆင်ခြင်အပ်သောသဘောတရားတို့ကိုရှုရာ …………………..ဗောဇ္ဈင်္ဂပဗ္ဗ
 
သစ္စာလေးပါးတရားတို့၏သဘောတရားတို့ကိုရှုသိရာ……………….သစ္စပဗ္ဗ

 
စသောအပိုင်းအားဖြင့်၅ပိုင်း….....ခန္ဓာတွင်ဖြစ်နိုင်သမျှသောသဘောတရားအခြင်းအရားအားဖြင့် ၃၃ပါးကိုမြတ်စွာဘုရားမဟာသတိပဋ္ဌာနသုတ်၏ စတုတ္ထပိုင်းတွင် ၊ ဟောကြားတော်မူခဲ့ပါပေ၏…။ 


သတိပဋ္ဌာနသုတ္တံဒေသနာတွင် ဤဓမ္မာနုပဿနာပိုင်းသည် သဘောတရားကိုသာရှုသိရာအပိုင်း ဖြစ်သောကြောင့် သိမ်မွေ့နူးညံ့သောသဘောရှိသောကြောင့် ၊ အားထုတ်သောယောဂီများလွန်စွာ နားလည်ရန်ခတ်ခဲခြင်းကြောင့် ၊ ၀ိပဿနာကျေးဇူးတော်ရှင်ကြီးများဖြစ်ကြသော ၊ မိုးကုတ် ၊ မဟာ စည် ၊ လယ်တီ ၊ ကြောင်ပန်း ၊ သဲအင်း ၊ စွန်းလွန်း ၊ စသောဝိပဿနာရှင်ဇူးတော်ရှင်ကြီးများသည် ၊ကာယာနုပဿနာကို၎င်း ၊ ဝေဒနာနုပဿနာကို၎င်း ၊ စိတ္တာနုပဿနာကို၎င်း ၊ စတင်အားထုတ် စေလျှက် ၊ ယောဂီ၏ သတိပဋ္ဌာန်နိုင်နင်းမှုကို မှတ်သားပြီး ရင့်ကျတ်လာသောယောဂီများအား ပညတ္တိံ ဌပေတွာ ဟူသောဒေသနာတော်နဲ့အညီ မူလသတိပဋ္ဌာန်များကို စွန့်ခွာပြီး ၊ ပညတ်မဖက် ပရမတ်သက်သက်ဖြစ်သောသဘောတရား ဤဓမ္မာနုပဿနာကို စတင်အားထုတ်စေပါ သည်…….။ 

 
မြန်မာနိုင်ငံတွင် ၀ိပဿနာတွင်ကျော်ဇောကိတ္တိရှိတော်မူသော လူပညာရှိ ရဟန်းလူထွက်တရားပြ ဓမ္မကထိကဖြစ်ကြကုန်သော ကျေးဇူးတော်ရှင် ပခုက္ကူဆရာကြီးဦးကြင်ရွှေနှင့် ၊ ရန်ကုန်မြို့ မူလသ စ္စာဒီပကတရားပြဋ္ဌာနကိုတည်ထောင်သူ ကျေးဇူးတော်ရှင်ဆရာကြီးဦးကြည်တို့သည် ၊ ယောဂီများ အားစတင်အားထုတ်ကတည်းက ၊ မည်သည့်သတိပဋ္ဌာန်ကိုအားမထုတ်စေဘဲ ၊ ဣဒဉ္စရူပံ ၊ ဣဒဉ္စ နာမံ ၊ ဤသည်ကားဖောက်ပြန်မူသဘော ၊ ဤသည်ကား သိမှုသဘောဟူသော ပညတ်မဖက် ပရ မတ်သက်သက်ဖြစ်သော ဤဓမ္မာနုပဿနာသတိပဋ္ဌာန်ကို စတင်အားထုတ်စေပါသည် ။
 
ကျေးဇူးတော်ရှင်တောင်စွန်းဓမ္မဒူတဆရာတော်ဘုရားကြီးသည်လည်း ၊ ယောဂီတို့အား တွန်းသ ဘော ၊ တိုးသဘောဟူ၍ ဓမ္မာနုပဿနာကို ပညက်မဖက်ပရမတ်သက်သက်ဖြင့် ပြသသည်ဟု တ ဆင့်စကားမှတ်သားဘူးပါ၏……….။ 


ကာယ ၊ ဝေဒနာ ၊ စိတ္တ ဟူသော ပညတ်နှင့်စပ်သော သတိပဋ္ဌာန်ပိုင်းကိုယနေ့တိုင် ရဟန်းရှင်လူ အားလုံးလက်ခံထားကြပါသော်လည်း ၊ ပညတ်ပဖက် ပရမတ်သက်သက်ဖြစ်သော ဤဓမ္မာနုပဿ နာသတိပဋ္ဌာန်ကို ၊ ထေရာဝါဒနိုင်ငံဖြစ်သော မြန်မာနိုင်ငံ၌ပင်လျှင် အကျော်ဒေးယျ ဆရာတော်အ ရှင်သူမြတ်များ ၊ ယနေ့တိုင် တရားအားထုတ်သောယောဂီအတွက် စတင်၍ရှုမှတ်၍ ရ၏ မရ၏ဟူ သောပြဿနာကို ဆုံးဖြတ်ရန်ေ၀၀ါးနေကြဆဲဖြစ်သည် ၊ သို့သော် ဒီကိစ္စသည်ကား ပါးစပ်ဖြင့်ဆုံး ဖြတ်၍ ရကောင်းသောအလုပ်မဟုတ် ၊ ပဋိပတ္တိလုပ်ငန်းဖြစ်၍ ပဋိပတ္တိလုပ်ငန်းဖြင့်သာ ဆုံးဖြတ်ရ ပေမည် ၊ ပဋိပတ္တိလုပ်ငန်းကို ပဋိပတ္တိမပါဘဲဆုံးဖြတ်၍ တစုံတရာချွတ်ချော်တိမ်းပါးခဲ့သော်၊ အကြင် သူအတွက်ဓမ္မန္တရာယ်မလွတ်ကင်းရာ ၊ ထို့ကြောင့် မြတ်ဗုဒ္ဓဟောကြာတော်မူသော ပါဠိတော်ဒေသ နာများ ၊ ကျေးဇူးရှင်ကြီးများ၏ ဋ္ဌကတာ ၊ ဋီကာများ ၊ အယုတ်ဆုံး ပိဋတော်မြန်မာပြန်များထိ ကြည့်ရှုမှတ်သားလေ့လာနိုင်ပေသည် ၊ မိမိလုပ်သောလုပ်ငန်းတွင် ဒေသနာတော်နှင့်ညီဘို့သာအ ရေးကြီးသောအချက်တည်း ၊ ဒေသနာတော်နှင့်ညီက ၊လမ်းစဉ်မှန်မည် ၊ လမ်းစဉ်မှန်က လိုရာခရီး ရောက်မည်တည်း ၊ ဤသတိပဋ္ဌာနသုတ်တွင် မည်သည့်သတိပဋ္ဌာန်ကိုမဆို နည်းမှန်လမ်းမှန်စနစ် တကျ အားထုတ်ပါက အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်သို့ ရောက်နိုင်သာ တခုတည်းသောနည်းလမ်း များပင်ဖြစ်ပါကြောင်း…………………..။
 
ဆက်လက်ဖော်ပြပါမည်…………။

No comments: