ငါသည်မုချ သေရမည် သစ္စာတရားသာ အားကိုးရာရှိသည်

Tuesday, July 27, 2010

မဟာသတိပဋ္ဌာနသုတ္တံ(၃)

စိတ္တဟူသောပါဠိစကားရပ်မှာ ၊ သိခြင်းဟူ၍အနက်သဘောရှိပါ၏ ၊ အဘယ်ကဲ့သို့သိပါသနည်းဟု မေးမြန်းခဲ့ပါသော် ၊ပါဠိစကားရပ်တို့တွင် စိန္တေယတီတိ စိတ္တံ အာရမ္မဏံ ၀ိဇာနာတိ အတ္ထောဟုဆိုပါ ၏ ၊ ထိုထိုစကားရပ်တို့ကြောင့် ကြံစည်ခြင်းသည်စိတ် ၊ အာရုံကိုသိခြင်းသည်စိတ်ဟု ယေဘုယျ မှတ်သားထားနိုင်ကြပါ၏ ၊ ထို့ကြောင့် သိတတ်သောစိတ်သဘောကို ရူမှတ်ခြင်းကို စိတ္တာနုပဿ နာဟုခေါ်ဆိုကြပါ၏ ၊ မြတ်စွာဘုရားက မဟာသတိပဋ္ဌာနသုတ္တံ၏ တတိယပိုင်းဖြစ်သော စိတ္တာနုပ ဿနာပိုင်းတွင် သိခြင်းကိုကိုရှုမှတ်ရာ ၁၆ ပါးကိုဤသို့ဟောကြားတော်မူခဲ့ပါ၏….။

ရာဂနှင့်တကွဖြစ်သောစိတ်……………………..(သရာဂ စိတ္တ )
ရာဂကင်း၍ဖြစ်သောစိတ်………………………..(၀ီတရာဂ စိတ္တ)

ဒေါသနှင့်တကွဖြစ်သောစိတ်……………….….(သဒေါသ စိတ္တ)
ဒေါသနှင့်ကင်း၍ဖြစ်သောစိတ်…………………(၀ီတဒေါသ စိတ္တ)

မောဟနှင့်တကွဖြစ်သောစိတ်………………....(သမောဟ စိတ္တ)
မောဟကင်း၍ဖြစ်သောစိတ်……………….…...(၀ီတမောဟ စိတ္တ)

ကျဉ်းကျုံ့သောသောစိတ်…………..............(သံခိတ္တစိတ္တ)
ကျယ်ပြန့်သောစိတ်………………………….…..(၀ိခိတ္တစိတ္တ)

ရူပစိတ်အရူပစိတ်……………………………..…...(မဟဂ္ဂတစိတ္တ)
ကာမ၀စရစိတ်………………………………..….(အမဟဂ္ဂတစိတ္တ)

မြင့်မြတ်သောစိတ်……………………………...(သဥတ္တရစိတ္တ)
ယုတ်ညံ့သောစိတ်………………………………(အနုတ္တရစိတ္တ)

သမာဓိ၌တည်ကြည်သောစိတ်…………….….(သမာဟိတစိတ္တ)
သမာဓိ၌မတည်ကြည်သောစိတ်…………..…(အသမာဟိတစိတ္တ)

လွတ်မြောက်သောစိတ်………………………....(၀ိမုတ္တစိတ္တ)
မလွတ်မြောက်သောစိတ်…………………….…(အ၀ိမုတ္တစိတ္တ) 

ဟူ၍ စိတ်မှန်သမျှတွင် ဖြစ်နိုင်သမျှ သော အခြင်းအရာ ၁၆ ပါးကို မြတ်စွာဘုရားသည် မဟာသတိဋ္ဌာနသုတ္တံ၏ တတိယပိုင်း စိတ္တာနု ပဿာ ပိုင်းတွင် ဟောကြားတော်မူခဲ့ပါ၏……………။
ဆက်လက်ဖော်ပြပါမည်………………….

No comments: