ငါသည်မုချ သေရမည် သစ္စာတရားသာ အားကိုးရာရှိသည်

Saturday, July 31, 2010

သုံးဖြာစုံပြန် သာသနံ

သာသနာဟူသည်အဆုံးမပါတည်း ၊ ထိုကဲ့သို့ကိုယ်နုတ်စိတ်တို့ကိုဆုံးမရာတွင် ၊ သီလ သမာဓိ ပညာ ဟူပြီးအပိုင်းသုံး ပါးရှိပါ၏ ၊ မိမိ၌ ဆိုင်ရာသီလနှင့်ပြည့်စုံနေခြင်းကိုသီလသနာဟုယေဘုယျ အားဖြင့်ခေါ်ဆိုပါ၏မိမိသည်တစုံတရာသောသမထလုပ်ငန်းတို့အပေါ်ကြည်လင်ချမ်းမြေ့စွာနေထိုင် ခြင်းကိုသမာဓိသာသနာဟုခေါ်ဆိုပါ၏ ၊ ၀ိပဿနာကမ္မဋ္ဌာန်းစီးဖြန်းခြင်းကိုတော့ ပညာသာနာဟု  ခေါ်ဆိုရပါ၏………။သဗ္ဗပါပဿ ၊ အကရဏံ -မကောင်းမူ့ကိုမပြုခြင်းတည်းဟူသောသီလသာသ နာ ၊ ကုသလဿ ဥပသမ္ပဒါ -ကောင်းမှုမျိုးစုံကိုပြုလုပ်ခြင်း သမာဓိသာသနာ ၊ သစိတ္တပရိယောဒ  ပနံ-စိတ်ကိုဖြူဖွေးစဉ်ကြယ်အောင်လုပ်ခြင်းဟူသော ပညာသာနာဟူ၍ သဒ္ဓမ္မသုံးဖြာ သာသနာ တော်ကို ဟောကြားခဲ့ပါ၏….။ 


သာသနာဟူသောအဆုံးအမအလုပ်ကိုလုပ်ကြရာဝယ် ၊ တချို့ကသီလအလုပ်ကိုလုပ်ကြ၏ ၊ အချို့ ကားသမာဓိလုပ်ငန်းကိုလုပ်ကြ၏ ၊ အချို့ကား ပညာအလုပ်ကိုလုပ်ကြပေ၏ ၊ မြတ်ဗုဒ္ဓအလိုဆန္ဒ အားဖြင့် ၊ ပညာသာသနာကိုသာဟောလိုရင်းဖြစ်ပါ၏ ၊ သီလကိုစောင့်ထိမ်းသောသူသည် ၊ သမာ ဓိသာသနာ ပညာသာသနာကိုစောင့်ထိန်းသည်ဟုမဆိုနိုင်ပေ ၊ သီလရှိမှ သမာဓိ သမာဓိရှိမှ ပညာ ဟူသောအရပ်သုံးစကားရပ်များသည် ထိုထိုသူများအတွက်အကြိုက်တွေ့စေတတ်သော စကားရပ် တော့ပေတည်း ၊ သမာဓိသာသနာကို ထိန်းသိမ်းပါက သီလသာသနာကိုပါထိမ်းသိမ်းရာရောက်ပါ ၏ ၊ ပညာသာသနာကိုထိန်းသိမ်းစောင့်လျှောက်သူများက သီလ ၊ သမာဓိ ၊ ပညာ ဟူသောသာသ နာသုံးရပ် ကိုထိန်းသိမ်းပြီးသားဖြစ်ပါတော့၏ ၊ ထိုသီလသမာဓိပညာဟူသော သိက္ခာသုံးရပ်အ ကျင့်မြတ်ကိုပြလိုသောကြောင့် မြတ်ဗုဒ္ဓသည် မဟာသတိပဋ္ဌာန်န သုတ္တံနိဒါန်းတွင် ၊ ဤကဲ့သို့ဟော ကြားတော်မူခဲ့ပါ၏…။ 


ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ ချစ်သားတို့ သတ္တ၀ါတွေစင်ကြယ်လိုသော အကျိုးငှာ ငါသည်ဤတကြောင်းတည်းလမ်းဖြစ်သော မဟာသတိပဋ္ဌာန်နသုတ်ကိုဟောတော်မူပြီ ဟု..ဟောကြာတော်မူပါ၏ ၊ သစိတ္တပရိယော ဒပနံဟူသော ပညာသာသနာအတွက်ဟောကြား တော်မူခဲ့ပါ၏ ၊ ထိုစကားရပ်ကို မဟာဝဂ္ဂ အဋ္ဌကထာတွင် နဒွိဓာ ပထဘူတောတိ ဧ၀မဋ္ဌော ဒဋ္ဌဗ္ဗော ဟူ၍ဖွင့်ဆိုထားခြင်းကြောင့် စိတ်ကိုအပြီးပြတ်စင်ကြယ်အောင်လုပ်ရန် နှစ်လမ်းနှစ်ကြောင်းမရှိပါဘဲ လျှက် ၊ တလမ်းတည်းသာရှိသောကြောင့် တစ်ကြောင်းတည်းသောလမ်းဟုဆိုကြောင်းအဋ္ဌကထာ ဆရာမြတ်တို့ဖွင့်ဆိုအပ်ပါ၏ ။ ထိုကြောင့် ပညာသာသနာလိုလား ပုဂ္ဂိုလ်များတို့ နှစ်ကြောင်းမရှိ သော ဤသတိပဋ္ဌာန်တည်းဟူသောတကြောင်းတည်းသောလမ်းကိုလျှောက်လှမ်းရင်း သာသနာ သုံးရပ် သိက္ခာမြတ်ကို ၊ ကောင်းစွာပြည့်စုံအောင်ဖြည့်ကျင့်နိုင်ကြပါစေကြာင်း…….။

No comments: